Wednesday, December 17, 2008

ကိုရက်ပ်စ် အလုပ်လျှောက်လွှာသိကောင်းစရာ

ရေးသားသူ — ကိုဝိုင်း(မိုးညှင်း)

ကိုရက်ပ်စ်(Korea Employment Permit System: koreps) အလုပ်လျှောက်လွာအကြောင်းသိကောင်းစရာ
အမှန်တော့ အလုပ်လျှောက်လွှာဟုဆိုရသော်လည်း ၊ အလုပ်လျှောက်လွှာမဟုတ်ပါ ။ အလုပ်အကိုင်ညှိနှိုင်း ဆောင်ရွက်ရန် လျှောက်လွှာ ဟု အဓိပ္ပါယ်ရပါသည် ။ သို့ရာတွင် ခေါ်ဆိုရ လွယ်ကူစေရန် “အလုပ်လျှောက်လွှာ” ဟုသာ သုံးနှုန်းလိုက်ပါသည် ။
ကိုရက်ပ်စ်လုပ်သားများ ၊ အလုပ်နေရာပြောင်းလိုခြင်း သို့မဟုတ် ၊ အလုပ်ရုံအဟောင်းက ဆက်မခန့်တော့ခြင်း ၊ ဒေ၀ါလီခံခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ၊ အလုပ်မရှိတော့ဘူးဆိုလျင် ၊ ကိုရီးယားရောက် မြန်မာများက နိုဒုံဘု(노동부)ဟုသိကြသော အလုပ်သမားဝန်ကြီးဌာနမှ ၊ ဂျိဝေါန်စင်ထော်(지원센터) ခေါ် အလုပ်အကိုင် ထောက်ပံ့ရေးဌာန(Employment Support Center: ESC)တွင် ၊ ဖော်ပြပါ လျှောက်လွှာကို ဖြည့်စွက်၍ အလုပ်ရှာသူအဖြစ် မှတ်ပုံတင်ရပါသည် ။
ထိုသို့ မှတ်ပုံတင်ကြရာတွင် ၊ လျှောက်လွှာပါအချက်အလက်များကို သေသေခြာခြာ ဂဃနဏ မသိသဖြင့် ၊ သူတစ်ပါးကို ဖြည့်ခိုင်းရာမှ ၊ မလိုအပ်သော အခက်အခဲ ပြဿနာများနှင့်ရင်ဆိုင်ခဲ့ကြရပြီး ၊ မဂိန်ချင်ဘဲနှင့် ဂိန်လိုက်ရ ၊ မအိုချင်ဘဲနှင့် အိုလိုက်ရသော မြန်မာမိတ်ဆွေများ အမှန်တကယ်ရှိခဲ့ပါသည် ။
ကျနော်တို့ ကိုရီးယားရောက် ကိုကိုရွှေမြန်မာများ နှင့် ၊ နောင်လာလတံ့သော ညီတော်မောင် ကိုရက်ပ်စ်လုပ်သားလောင်းများ ထိုထိုသော ပြဿနာမျိုး ထပ်မံ ခံစားရခြင်း ၊ ကြုံတွေ့ရခြင်းများ မရှိကြရလေအောင် ၊ ထိုလျှောက်လွှာပါ အချက်အလက်များကို လေ့လာမှတ်သား သိရှိထားနိုင်ကြစေရန်အလို့ငှာ ၊ လေ့လာစုဆောင်း တင်ပြလိုက်ပါသည် ။
လျှောက်လွှာပုံစံမှာ (ဤတွင်နှိပ်ပြီးကြည့်ပါရန)-

လျှောက်လွှာပါ ဝေါဟာရများမှာ-
취업 အလုပ်အကိုင်
알선 ညှိနှိုင်းခြင်း ၊ စီစဉ်ခြင်း ၊ ကြားဝင်ဆောင်ရွက်ခြင်း
신청서 လျှောက်လွှာ
성명 အမည်
국적 နိုင်ငံသား (မည်သည့်နိုင်ငံသား)
구직등록번호 အလုပ်ရှာသူများ မှတ်ပုံတင်အမှတ်
상담자 အတိုင်ပင်ခံဆွေးနွေးသူ
외국인등록번호 နိုင်ငံခြားသားမှတ်ပုံတင်အမှတ်
성별 လိင်(ကျား ၊ မ)
입국일자 ပြည်ဝင်ရက်စွဲ
생년월일 မွေးသက္ကရာဇ်( နှစ် ၊ လ ၊ ရက်)
송출기관 ပို့လွတ်သည့်အဖွဲ့အစည်း(ရွှေအင်းဝ စသည်ဖြင့်)
체류자격 ဗီဇာအမျိုးအစား
체류기간 ဗီဇာသက်တမ်း
연락처 ဆက်သွယ်ရန်(လိပ်စာ စသည်)
본국주소 မိခင်နိုင်ငံလိပ်စာ
국내주소 ပြည်တွင်းလိပ်စာ
전화번호 ဖုန်းနံပါတ်
휴대폰번호 လက်ကိုင်ဖုန်းနံပါတ်
사진 ဓါတ်ပုံ
희망취업조건 မျှော်မှန်းအလုပ်ဆိုင်ရာအချက်အလက်များ(လုပ်လိုသောအလုပ်)
우선순위 ဦးစားပေးအစီအစဉ်
희망업종 မျှော်မှန်းလုပ်ငန်း အမျိုးအစား
희망직종 မျှော်မှန်းအလုပ်အကိုင်အမျိုးအစား
희망직무내용 မျှော်မှန်းအလုပ်တာဝန်အကြောင်းအရာ
희망근무지역 မျှော်မှန်းအလုပ်ဒေသ (အလုပ်လုပ်လိုသော နေရာ)
시.도 မြို့ ၊ ပြည်နယ်
군.구 မြို့နယ်စု ၊ မြို့နယ်(မြို့ပြ)
무관 မည်သည့် ဒေသမဆို ။ (မူလ အဓိပ္ပါယ်မှာ “ပတ်သက်ခြင်းမရှိ” ဖြစ်သည် ။
နေရာ ၊ ဒေသ ရွေးချယ်ခြင်းနှင့် ပတ်သက်ခြင်းမရှိ ဟုဆိုသဖြင့် ၊ မည်သည့်ဒေသမဆို
လုပ်ပါမည်ဟု ဘာသာပြန်သည် ။)
희망임금형태.금액 မျှော်မှန်းလစာအခြေအနေ ၊ အရေအတွက်
월급 လစာ(တစ်လလျင်)
주급 လုပ်အားခ (ရက်သတ္တတစ်ပတ်လျင်)
일급 လုပ်အားခ (တစ်ရက်လျင်) ( ရက်ကြေး)
시급 လုပ်အားခ (တစ်နာရီလျင်) ( နာရီကြေး)
월평균 တစ်လဖျမ်းမျှ
--만원이상 ၀မ် ------- သောင်း အထက် ။
연간총액 တစ်နှစ်စာစုစုပေါင်းလစာ
기타 희망사항 အခြားမျှော်မှန်းထားချက်များ
근무가능기간 및 시간등အလုပ်လုပ်နိုင်မည့်ကာလနှင့် အချိန် စသည်များ
이력 및 경력사항 ကိုယ်ရေးရာဇ၀င် နှင့် အတွေ့အကြုံ
최종학력 အမြင့်ဆုံးအတန်းပညာ
학교 ကျောင်း
졸업 ဘွဲ့ရ
수료 လက်မှတ်ရ (ဒီပလိုမာ စသည်။)
중퇴 ကျောင်းထွက် (တစ်ဝက်တပျက်ကျောင်းထွက်သူများ)
자격면허 လိုင်စင်၊ ကျွမ်းကျင်လက်မှတ်
언어능력 ဘာသာစကားတတ်ကျွမ်းမှု
한국어 ကိုရီးယားစကား
상.중.하 အထက် ၊ အလယ် ၊ အောက်
영어 အင်္ဂလိပ်စကား
본국경력 မိခင်နိုင်ငံအတွေ့အကြုံ
상업체명 လုပ်ငန်းအမည်
업종 လုပ်ငန်းအမျိုးအစား
직종 အလုပ်အကိုင်အမျိုးအစား
직무내용 အလုပ်အကိုင် အကြောင်းအရာ
직책 (အလုပ်) တာဝန်
근무기간 အလုပ်ကာလ(ကြာမြင့်ချိန်)
고용형태 ငှားရမ်းသည့်အခြေအနေ
월임금 လစာငွေ
국내경력 ပြည်တွင်းအတွေ့အကြုံ
취업알선 신청사유 အလုပ်အကိုင် လျှောက်ထားရသည့်အကြောင်းရင်း
자기소개 (မိမိကိုယ်တိုင်ရေး) မိတ်ဆက်စကား(အပိုစာရွက်ဖြင့် ပူးတွဲ တင်ပြနိုင်ပါသည်။)
업무능력 및 희망 업무등အလုပ်အကိုင်ကျွမ်းကျင်ပုံနှင့် မျှော်မှန်းထားသောအလုပ်စသည်များ
특기사항 အထူးပြု ဖော်ပြလိုသည့်အချက်
어학능력등 ဘာသာစကားကျွမ်းကျင်မှုစသည်များ
기타 အခြား (ဖော်ပြလိုချက်များ)
상기 기재한 အသေးစိတ်ရေးသား တင်ပြထားသော
사항 အချက်အလက်
사실 အဖြစ်မှန်(ပကတိအချက်အလက်)
틀림 없음을 အမှားအယွင်းမရှိကြောင်းကို
확인합니다 အတည်ပြုအပ်ပါသည် ။
신청인 လျှောက်ထားသူ (အမည်ကိုရေးရန်။)
서명 또는 인 လက်မှတ် သို့မဟုတ် တံဆိပ်တုံး
수수료 ၀န်ဆောင်ခ (အကျိုးဆောင်ခ)
구비 서류 (အတူ) တင်ပြသည့် စာရွက်စာတမ်း
외국인 등록증 နိုင်ငံခြားသားမှတ်ပုံတင်ကပ်ပြား
사본 မိတ္တူ
상담사항 ဆွေးနွေးသည့်အကြောင်းအရာ
*************
အလုပ်အကိုင်ကောင်းများ ၊ လစာကောင်းများ ရရှိကြပါစေသော် ။
လစာရက်တွင် ၊ လစာအပြည့် ရရှိကြပါစေသော် ။
ရရှိသည့် ချွေးနှဲစာများကိုလည်း မိသားစုထံ မှန်မှန် ပို့နိုင်ကြပါစေသော် ။



*************
မှတ်ချက် ။
လျှောက်လွှာပါ အချက်အလက်များ ဖြည့်စွက်ပုံများကိုလည်း အလျဉ်းသင့်လျင် ထပ်မံတင်ပြပါမည် ။


No comments: