Wednesday, June 2, 2010

အင်းလေးကန်အကြောင်း MBC မှ ထုတ်လွင့်ပြသမည်

လာမည့် ဇွန် ၄ ရက် ၊ သောကြာနေ့ ည ၁၀ နာရီကျော် အချိန်တွင် ၊ MBC အသံလွင့်ဌာန ၏ W (World Wide Weekly) အစီအစဉ်တွင် ၊ 미얀마의 인레이호수 위기 အမည်ဖြင့် မြန်မာပြည် အင်းလေးကန် အကြောင်း ထုတ်လွင့်ပြသမည်ဟု သိရသည် ။
အဆိုပါအစီအစဉ်ကို MBC အသံလွင့်ဌာနမှ PD Mr Heo Jin Ho က သွားရောက်ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ၊ ယခုအခါ အင်းလေးကန်သည် တစ်ဖြည်းဖြည်း တိမ်ကောစ ပြုလာရာ ၊ ယခုနှစ်မိုးခေါင်သည်နှင့် အင်းလေးကန်မှာ သတိပြုစရာ ကောင်းလောက်အောင်ပင် တိမ်ကောလာသည်ကို တွေ့ကြရကြောင်း ၊ ယင်းဖြစ်စဉ်ကို ကိုရီးယားပြည်သူများနှင့် ကမ္ဘာ့ပြည်သူများ အလေးဂရုပြုမိကြစေရန် ရည်သန်၍ ၄င်းအစီအစဉ်ကို ရိုက်ကူးထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ မြန်မာ့အမွေလည်းဖြစ်သလို ကမ္ဘာ့အမွေအနှစ်တစ်ခုလည်းဖြစ်သည့် ခရီးသွားဒေသ အင်းလေးကန်ကြီး ပြန်လည် ကျန်းမာသန်စွမ်းလာရေးအတွက် ၊ သဘာဝဝန်းကျင်ချစ်သူ ကမ္ဘာ့ပြည်သူများ ဝိုင်းဝန်းကူညီကြရန် ထုတ်လုပ်ရေးမှူး မစ္စတာဟောဂျင်ဟိုက ဂရုဏာဖြင့် တိုက်တွန်းထားသည်၏ ဆိုသည် ။

No comments: