Thursday, September 8, 2011

CDMA 800 MHz ဖုန်းများဖြင့် အင်တာနက် အသုံးပြုနည်း

ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများ အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်မည့်စနစ်ကို စိတ်ပါဝင်စားသူများ ၊ အဆိုပါ ဝန်ဆောင်မှု အသုံးပြုပုံများကို သိရှိနိုင်ရန် ဖော်ပြပေး လိုက်ပါသည် ။

ထိုစနစ်သည် ဖုန်းတွင် အသုံးပြုနိုင်သကဲ့သို့ ကွန်ပျူတာနှင့် ချိတ်ဆက်၍လည်း အသုံးပြုနိုင်ပါသည်။ ကွန်ပျူတာဖြင့် အသုံးပြုလိုသူများအနေဖြင့် ဆက်သွယ်ရေး နှင့် ပြင်ပ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် EVDO USB Wireless Modem တစ်ခု ဝယ်ယူရမည် ဖြစ်သည်။

ဈေးကွက်အတွင်း ယင်းမိုဒမ် ၂ မျိုးခန့်ရှိပြီး ၊ ဈေးနှုန်းမှာ ၄၀,၀၀၀ ကျပ်ဝန်းကျင် ရှိသည်။ ပထမဦးစွာ ယင်း Device ကို ကွန်ပျူတာ USB အပေါက်တွင် ချိတ်ဆက်၍ My Computer ၌ပေါ်လာမည့် Connector.exe file ကို ဖွင့်ပြီး ၊ ပေါ်လာမည့် Setup Flexi 3G Connector မှ Next ခလုတ်နှိပ်ကာ Install လုပ်ရပါမည် ။ Install လုပ်ပြီးပါက Desktop ပေါ်တွင် Flexi 3G Connector Icon ကိုဖွင့်ရမည် ။ ထို့နောက် Flexi Window Box တစ်ခုပေါ်လာပမည် ။ ယင်း Box ၏ Menu Bar ရှိ File Button (File ) အတွင်းမှ Setting ကို ကလစ်နှိပ်ပါက Box တစ်ခု ထပ်မံကျလာပါမည် ။ ယင်း Box မှ New ကို ဆက်လက်နှိပ်၍ ၊ ယင်း Box မှ Name နေရာတွင် မိမိကြိုက်နှစ်သက်သည့် အမည်တစ်ခု ၊ Number နေရာတွင် #777 နှင့် User name နေရာတွင် Username @c800,mm နှင့် Password မှ လျှို့ဝှက်အမှတ်အသား ရိုက် ထည့်ကာ OK Button ကိုနှိပ်ရပါမည်။
ယင်းနောက်တွင် 3G Connector Box မှ Connection Button ကိုနှိပ်ပြီး EVDO Connection ကိုရွေးချယ်ရပါမည် ။ ယခု Device မှာ window XP များအတွက် အဓိကစီစဉ်ထားခြင်း ဖြစ်သည့်အတွက် window 7 တွင် Install ပြုလုပ်လိုသူများ အတွက်မူ အခက်အခဲ ရှိနေပါမည် ။ အကယ်၍ window 7 နှင့် အသုံးပြုမည် ဆိုပါက စက်တွင် ပေါ်လာမည့် flexn connector ကို right click နှိပ်၍ properties သို့ဝင်ပြီး ၊ ယင်းမှ capabality သို့ တစ်ဆင့်သွားကာ run as ဘေးမှ check ကို (အမှန်ခြစ်) ပေးရမည် ။ ထို့နောက် အောက်တွင်ရှိသော Windows XP (Service Pack 3) ကိုရွေး၍ Apply/Ok ပြုလုပ်ကာ သုံးစွဲနိုင်ပါသည် ။ ယင်းအဆင့်များ အားလုံးပြီးစီးပါက Internet Explorer (IE) ကိုဖွင့်၍ Tools>Internet Options>Connection> LAN Settings ကိုသွားရမည် ။ နောက်ဆုံး အဆင့်အနေဖြင့် Local Area Network (LAN) Settings တွင် no proxy ပြုလုပ်ပြီးပါက မိမိကွန်ပျူတာတွင် အင်တာနက် ချိတ်ဆက်မှု ရရှိသွားမည် ဖြစ်သည်။

အထက်ပါ အဆင့်များမှာ စတင် ချိတ်ဆက်ရာတွင်သာ ပြုလုပ်ရမည်ဖြစ်ပြီး နောက်ပိုင်း အသုံးပြုရာတွင် G-Talk, IE Firefox များဖွင့်သကဲ့သို့ Flexi ဖွင့်သွားရုံနှင့် အသုံးပြု၍ ရပြီဖြစ်သည်။ ယင်းချိတ်ဆက် အသုံးပြုမှုသည် ကွန်ပျူတာနှင့် ပတ်သက်ပြီး Install ပြုလုပ်ဖူးသူများ ကွန်ပျူတာနှင့် ရင်းနှီးပြီးသူများအတွက် လွယ်ကူသော်လည်း ကွန်ပျူတာနှင့် အနည်းငယ် စိမ်းနေသေးသူများမှာ ဖော်ပြပါ ပုံစံအတိုင်းပြုလုပ်၍ မရပါက နီးစပ်ရာ အင်တာနက်ဆိုင် ဝန်ထမ်းများ သို့မဟုတ် ကွန် ပျူတာ ဝန်ဆောင်မှု ပေးသူများထံတွင် ဝန်ဆောင်ခပေး၍ ပြုလုပ်နိုင်သည် ။

ဆက်သွယ်ရေး လုပ်ငန်းမှ ယင်းဝန်ဆောင်မှု အတွက် စတင်နေပြီ ဖြစ်သော်လည်း လတ်တလော တွင် ယင်းစနစ်အတွက် အဓိကကျသည့် EVDO USB မိုဒမ်မှာ ပြင်ပဆိုင်များတွင် အနည်းငယ်သာ ရှိပြီး ၊ ဝယ်လိုအားများ၍ ဝယ်ယူရန် အခက်အခဲ ရှိကြောင်း နှင့် မြန်မာ့ဆက်သွယ်ရေးရုံးများတွင် ရောင်းချပေးနေကြောင်း သိရသည် ။


ရည်ညွှန်းချက် -
7Day News Journal 01/27/2011

No comments: