Friday, September 7, 2012

အလုပ်သမားစနစ်နှင့် အလုပ်သမားဥပဒေဆိုင်ရာ အထူးကျွမ်းကျင်သင်တန်းဖွင့်မည်

ရေးသားသူ — ဦးသူရ
စက်တင်္ဘာ ၇ ၊ အင်ချောန်းမြို့
မြန်မာစင်တာအနေဖြင့် စင်တာအမှုဆောင်များ အရည်အချင်းမြှင့်တင်ရေးအစီအစဉ်အရ ၊ ကိုရီးယားရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးစင်တာနှင့် ညှိနိုင်းမှုဖြင့် အလုပ်သမားစနစ်နှင့် အလုပ်သမားဥပဒေဆိုင်ရာ အထူးကျွမ်းကျင်သင်တန်းကို အောက်ပါ အစီအစဉ်အတိုင်းပြုလုပ်မည်ဖြစ်ပါသဖြင့် ၊ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်-
သင်တန်းကာလ-
တနင်္ဂနွေ ၊ ရက်သတ္တပတ် ၈ ပတ် (စက်တင်္ဘာ ၁၆ ရက်နေ့မှ နိုဝင်္ဘာ၎ ရက်နေ့ထိ)
သင်တန်းအချိန်-
နံက် ၁၀နာရီမှ ၁၂နာရီထိ
သင်တန်းနေရာ-
မြန်မာစင်တာ
ပို့ချမည့် ဘာသာရပ်များ (အချိန်ဇယား)-
စက်တင်ဘာလ ၉ ရက်
သင်တန်းမိတ်ဆက်နှင့် ကိုရီးယား၏ ရွှေ့ပြောင်းအလုပ်သမားသမိုင်း
စက်တင်ဘာလ၁၆ရက်
အီးပီအက်စနစ်အကြောင်း (ထဲထဲဝင်ဝင် သိထားရန်)
စက်တင်ဘာလ၂၃ရက်
သင်တန်းနား(သင်တန်းအစား အလုပ်ခွင်ပြောင်းရွှေခွင့်တောင်းဆိုပွဲသို့
သွားရောက်ကြရန်-စိတ်ပါဝင်စားသူများလိုက်ပါနိုင်)
စက်တင်ဘာလ၃၀ရက်
သင်တန်းနား ( ချူဆော့ဂ် အားလပ်ရက်)
အောက်တိုဘာလ ၇ရက်
လုပ်ငန်းခွင်ပြဿနာများအား လက်ခံဆွေးနွေးပေးနိုင်ရန် လေ့ကျင့်ပေးခြင်း။
(လုပ်ခလစာငွေမရရှိခြင်း)
အောက်တိုဘာလ၁၄ရက်
လုပ်ငန်းခွင်ပြဿနာများအား လက်ခံဆွေးနွေးပေးနိုင်ရန် လေ့ကျင့်ပေးခြင်း။
(အလုပ်ခွင်ပြောင်းရွှေ့ခြင်းနှင့် လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရခြင်း)
အောက်တိုဘာလ၂၁ရက်
လုပ်ငန်းခွင်ပြဿနာများအား လက်ခံဆွေးနွေးပေးနိုင်ရန် လေ့ကျင့်ပေးခြင်း။
(လ၀က ဆိုင်ရာကိစ္စများနှင့် အလုပ်သမားများနှင့် သက်ဆိုင်သည့် အာမခံစနစ်များအကြောင်း)
အောက်တိုဘာလ၂၈ရက်
အလုပ်သမားသမဂ္ဂအကြောင်းသိကောင်းစရာ
နိုဝင်ဘာလ ၄ရက်
လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာဆိုင်ရာအထူးနားလည်ခြင်း။
နိုဝင်ဘာလ၁၁ရက်
အလုပ်သမားအခွင့်အရေးနှင့်လူ့အခွင့်အရေး။
သင်တန်းတက်ရောက်မည့်သူများ ပထမဆုံးသင်တန်းချိန်တွင် မြန်မာစင်တာတွင်
စာရင်းပေးသွင်းကြပါရန် ။
သင်တန်းအားလုံးကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် ကိုရီးယားဆရာများက ပို့ချမည်ဖြစ်ပြီး၊ ကိုရီးယားဘာသာကျွမ်းကျင်သည့် မြန်မာမိတ်ဆွေများက မြန်မာဘာသာဖြင့် ဘာသာပြန် ပို့ချပေးမည်ဖြစ်သည်။
မရှင်းလင်းသည်များ ၀၁၀-၄၁၈၇-၅၂၁၈ ထံမေးမြန်းနိုင်ပါသည်။


ခင်မင်လေးစားမှုဖြင့်-
မြန်မာစင်တာ

No comments: