Thursday, May 16, 2013

ဗုဒ္ဓ မွေးနေ့

 
 တောင်ကိုရီးယားနိုင်ငံတွင် ၂၀၁၃ ခုနှစ် မေ ၁၇ ရက် သောကြာနေ့သည် ဗုဒ္ဓမြတ်စွာ ဘုရားသခင်၏ မွေးနေ့ဖြစ်ပါသည်။ ကိုရီးယားဘာသာစကားအရ စောဂ်ဂါထာန်ရှင်း အိလ် (သို့) ဘူချောနီး(မ်) အိုရှင်းနာလ်ဟု ခေါ်ဆိုကြပါသည်။ တောင်ကိုရီးယားနိုင်ငံတွင် ဗုဒ္ဓ မြတ်စွာဘုရား၏ မွေးနေ့ကို ကိုရီးယား ကောဇာသက္ကရာဇ်အရ ၄လပိုင်း ၈ ရက်ကို သတ်မှတ်ထားတာ ဖြစ်ပါသည်။ ဗုဒ္ဓ မြတ်စွာဘုရား၏ မွေးနေ့ကို ဆိုးလ်မြို့(ဆောအုလ်)ရှိ ဂျိုဂယဲဂျူန် ( ဂျိုဂယဲဂိုဏ်း) ၀င် ဂျိုဂယဲ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပရာသို့ နိုင်ငံတော် အကြီးအကဲ သမတကိုယ်တိုင် တက်ရောက်ကြပြီး ထဲဂျိုဂိုဏ်း၊ ချောန်ထဲဂိုဏ်း၊ ဂျင်ဂါဂ်ဂိုဏ်းစတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများတွင် ကျင်းပကြပါသည်။   တောင်ကိုရီးယားနိုင်ငံတွင် ဗုဒ္ဓ မြတ်စွာ ဘုရား၏ မွေးနေ့အဖြစ် ၁၉၇၅ ခုနှစ်တွင် နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပါသည်။ ၁၉၅၆ ခုနှစ် နိုဝင်ဘာတွင် နီပေါ (နီဖာလ်)နိုင်ငံ ခါထ်မာန်ဒုမြို့တော်တွင် ကျင်းပသည့် ၄ ကြီမ်မြောက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ အစည်းအဝေးကြီးတွင် ခရစ်သက္ကရာဇ် မေ ၁၅ ရက်ကို ဗုဒ္ဓ မွေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ကိုရီးယားမှာ ကောဇာသက္ကရာဇ် ၄လပိုင်း ၈ ရက်အဖြစ် သတ်မှတ်ပြီး ကုသမဂ္ဂ၌ မေ၁၅ ရက်တွင် ဗုဒ္ဓ မွေးနေ့အဖြစ် သတ်မှတ် ကျင်းပကြပါသည်။ တောင်ကိုရီးယားနိုင်ငံတွင် ဗုဒ္ဓမွေးနေ့ရောက်တိုင်း ယောန်ဒွန် ချူဂျဲ ( ကြာပန်း ပွဲတော်) ကို ကျင်းပပြီး ယခင် ဒုန်ဒဲမု(န်) အားကစားကွင်းမှ ဂျိုဂယဲဆာ ( ဂျိုဂယဲ ဘုန်းတော်ကြီးကျောင်း)အထိ ဗုဒ္ဓ ရုပ်ပွားတော်ပုံတော်များ၊ ဗုဒ္ဓ မွေးဖွားစဉ်က ပုံတော်များ၊ ၁၂ လရာသီ တိရိစ္ဆာန်များ၏ ရုပ်ပုံများ၊ ကြာပန်းပုံများနှင့် ဗုဒ္ဓနှင့် ပတ်သက်သည့် စက္ကူ ရုပ်ထုတော်များကို ပြုလုပ်ပြီး မီးများ ထွန်းညှိ၍ လှည့်လည်ကြပါသည်။ အဆိုပါ ကြာပန်းပွဲတော်ကို ၁၉၉၆ ခုနှစ်မှ စတင် ကျင်းပခဲ့ပါသည်။ ဓာတ်ပုံများကို အင်တာနက်က ကူးယူဖော်ပြပါသည်။ 

1 comment:

Unknown said...

ကူးသွားပါတယ်