Wednesday, November 20, 2013

အင်ချွန်း ရုပ်ရှင်ပွဲမှာ မြန်မာကားများ ပါဝင်ပြသမယ်

၁၈ ကြိမ်မြောက် အင်ချွန်း လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်မှာ မြန်မာစင်တာ မီဒီယာသင်တန်းမှ သင်တန်းသား လေးဦးရဲ့ မှတ်တမ်းရုပ်သံ ၄ ကားကို ပါဝင်ပြသရန် ကျင်းပရေးကော်မတီက ရွေးချယ်ထားပါတယ်။

၂၀၁၃ နိုဝင်ဘာ ၂၁ မှ ၂၄ အထိ ပြုလုပ်မယ့် လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်မှာ တို့အင်ချွန်းသား၊ အလုပ်သမားဘ၀ရဲ့ အလှ၊ လိင်ခွဲခြားမှု ကင်းစင်တဲ့လောက၊ ကျောင်းသားအခွင့်ရေးတွက် မကြောက်နဲ့၊ ငြိမ်းချမ်းရေးရဲ့ အခြားတဖက်၊ ကွာခြားနေသော နိုင်ငံခြားသား စသည့် လူ့အခွင့်အရေးဆိုင်ရာကဏ္ဍများ ပါဝင်ပြီး၊ ရုပ်ရှင်ကားနှင့် သတင်းမှတ်တမ်း ၃၀ ကျော် ပါဝင်ပြသမှာ ဖြစ်ပါတယ်။

ယင်းအနက် မြန်မာစင်တာ မီဒီယာသင်တန်းမှ

၁) စေတနာရောင်ပြန် (စိုးမင်းသန်း)
၂) ဘယ်တော့များမှ (မင်းတေဇာထွန်း)
၃) ပတ်ကူ (အောင်စစ်နိုင်)
၎) ခရေဇီ (အောင်စိုင်း)
လေးကား ပါဝင်ပြသမှာ ဖြစ်ပါတယ်။

နေ့ရက်။ ၂၀၁၃ နိုဝင်ဘာ ၂၄
အချိန်။ ညနေ ၄ နာရီမှ ၅ နာရီ
နေရာ။ 인천광역시 남구 주안1동 주안프라자 7층
လမ်းညွှန်။ 지하철 1호선, 주안남부역 8번, 출구애서 200m

လာရောက် အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

No comments: