Monday, December 30, 2013

၂၇၅၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ဖိတ်ကြားလွှာ

ရေးသားသူ — ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ကော်မတီ 

 တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမအပေါင်းတို့ခင်ဗျား။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၅ ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် နတ်တော် လပြည့်ကျော် ၁၁ ရက် တနင်္ဂနွေနေ့၊ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအချိန်အထိ ကရင်သက္ကရာဇ် ၂၇၅၃ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဘူချွန်း အလုပ်သမား အဆောက်အအုံရှိ မြန်မာအသင်း (ကိုရီးယား) ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်အားပေးချီးမြင့်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။  

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို့ ကြွရောက်လာသော ဧည့်ပရိတ်သတ်များကို ပျော်ပျော်ရွင်ရွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျနော်များ ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော် ကျင်းပရေးကော်မတီက စီစဉ်ထားသော ကရင် သက္ကရာဇ်၂၇၅၃ခုနှစ် နှစ်သစ်တွင် ကံကောင်းခြင်းများလက်ဆောင်အဖြစ် ကံစမ်းမဲများ ဖောက်ပေးခြင်း၊ ကရင်ရိုးရာ ဒုံးအကနှင့် တေးဂီတများဖြင့် ဖျော်ဖြေ တင်ဆက်ခြင်းတို့နှင့်အတူ တက်ရောက်လာကြသော ဧည့်သည်တော်များအား ငါးသားလောက်ပေါင်းဟင်း၊ ၀က်သားချိုဟင်း၊ ကရင်လူမျိုးတို့၏ ရိုးရာ တာလပေါဟင်းတို့ဖြင့် အားရပါးရ တည်ခင်း ဧည့်ခံမည် ဖြစ်ပါသောကြောင့် ပျော်ရွင်စွာ ကရင် အမျိုးသား နှစ်သစ်ကူးပွဲတော်သို.ကြွရောက် အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ 


 ဧည့်လမ်းညွှန်။ ။ ရထားဖြင့်စီးလာပါက လိုင်းနံပတ် ၁ မှစီးပြီး 부천역 ( Bucheon Station ) ဘူချွန်းဘူတာတွင် ဆင်း၍ တက္ကဆီဖြင့် စီးလာပါက လိပ်စာမှာ အောက်ပါအတိုင်း ပြောပြီး စီးလာနိုင်ပါတယ်။ 우 420 - 850 부천시 원미구 중2동 1093-1 근로자종합지관 3F 

ဆက်သွယ်ရန်ဖုံး ။ ။စောလှိုင်မျိုးသိန်း ( ၀၁၀ ၆၈၄၉ ၃၀၆၁ )၊ စောကြည်မင်းကို ( ၀၁၀ ၂၆၀၉ ၈၇၄၇ )၊ စောအောင်လွင်မွန်( ၀၁၀ ၂၆၉၆ ၅၆၈၉ )၊ မန်းတင်ယဉ် ( ၀၁၀ ၂၂၇၁ ၈၃၃၃)

No comments: