Tuesday, January 28, 2014

မမီးမီးကြိုင်၏ နှလုံးအပေါက် ပိတ်ဆို့ရန် အတွက် တတ်အား သ ရွေ့ လှူကြပါအုံး ခင် ဗျာ ...

ကိုရီးယား ရောက် ညီအစ်ကိုတို့ ရေ    မရှိလို့ မလှူ /မလှူလို့ မရှိတဲ့နော်
တတ်အား သ ရွေ့ လှူကြပါအုံး ခင် ဗျာ ...
မီးမီးကြိုင်အတွက် အကူညီလိုအပ်

အသက် ၃ နှစ်အရွယ်လောက်ကတည်းက မိဘတွေနဲ့ ကွဲကွာခဲ့ပြီး အဖိုးကြီး အမယ် ဇနီးမောင်နှံမှ မွေးစားခဲ့သော မြန်မာအမျိုးကောင်းသမီး မမီးမီးကြိုင်သည် နှစ်လုံးသွေးကြော နှစ်ခုကြားမှာ မွေးရာပါ အပေါက်တစ်ခု ရှိနေပါတယ် အခုချိန်မှာ မကြာခဏ အသက်ရှူမ၀တာမျိုး သတိလစ်တာမျိုး ဖြစ်နေတက်ပါတယ် နှစ်လုံးအပေါက်အား ပိတ်စို့ရန်အတွက် ဆရာဝန်ကြီးတွေရဲ့ ပြောကြားချက်အရ ခန့်မှန်းခြေ သိန်း(40)လောက်ကုန်ကျမယ်လို့ သိရပါတယ် ။ ရောဂါဝေဒနာက ငယ်ငယ်လေးကတည်းက ခံစားနေရတဲ့ရောဂါပါ။ သူ့ရောဂါဝေဒနာအတွက် အဖိုးကြီးအမယ်ကြီးတွေကလည်းတက်နိုင်သေးတဲ့ အချိန်မှာတော့ ပြုစုကုသပေးခဲ့ပါတယ်။ သူ့ရောဂါဝေဒနာ စတင်ဆိုးဝါးလာတာက အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေရင်း ပစ်လဲတဲ့ထိ ဖြစ်ခဲ့ရပါတယ်။
အဖိုးကြီးအမယ်ကြီးတွေလဲ ငွေးကြေး မတက်နိုင်တော့တာကြောင့် သူ့ကို ကိုအောင်လင်းသူ ဦးဆောင်တဲ့ 
FM ပရဟိတအဖွဲ့(ရန်ကုန်)က အလှူငွေစုဆောင်းပြီး ကူညီစောင့်ရှောက်ပေးနေပါတယ်
ယခင်က မမီးမီးကြိုင်ဟာ သီလရှင်ဝတ်ပါသေးတယ် အဲ့အချိန်က ဇိဝိတဒါနဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့သလို လက်ရှိအချိန်မှာတော့ ရန်ကုန်ဆေးရုံကြီးနဲ့ ဇိဝိတဒါနဆေးရုံ ၂ခုစလုံးကို အပတ်စဉ် သွားရောက်ပြသနေပါတယ် 
ဖေဖော်ဝါရီလမှာ operation ပြုလုပ်နိုင်ရန်အတွက် ညီအကို မောင်နှစ်မများ အနေဖြင့်
Like&share ပြုလုပ်ပေးခြင်းဖြင့် အလှူရှင်များ ရှာပေးကြဖို့ နှိုးဆော်အပ်ပါတယ်ခင်ဗျာ 
ဆက်သွယ်ရန်...
ရန်ကုန်
ကိုအောင်လင်းသူ 09401623525
မနီလာ 0931614545
ကိုဇော်ရဲထက် 0933192151

ကိုရီးယား
လမင်းကိုကို 01046951397

No comments: