Monday, February 17, 2014

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုသူ မြန်မာနိုင်ငံသားများအတွက်သတင်းကောင်းပါ



ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့ပါတီကြီးနဲ့ ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီး ထဲကနေမွေးဖွားပေးလိုက်တဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ ပူးတွဲကြေညာချက်ကတော့ လူသာဓု၊ နတ်သာဓု ခေါ်ဆိုနိုင်လောက်ပါပြီဗျာ။ ဒီအဖွဲ့ကြီးနှစ်ဖွဲ့ နှင့်အတူ ဒီမိုကရေစီကိုအမှန်တကယ်လိုလားတဲ့ အင်းအားစုတွေက ခင်ဗျားတို့ ၊ ကျနော်တို့နဲ့ အတူတူလက်တွဲပြီး ဘာတွေလုပ်ပေးမှာလဲ
(၁) ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ စိတ်နှလုံးဧချမ်းစွာနဲ့ ကျောင်း၊ကန်၊ဇရပ်တွေမှာသွားပြီး ကောင်းမှုသီလဆောက်တည်နိုင်ဖို့။
(၂) ကျနော်တို့ ဗုဒ္ဓသားတော်တွေဖြစ်တဲ့ ရဟန်းသံဃာတော်တွေ ဗုဒ္ဓရဲ့ တရားတော်တွေကို ကျင့်ကြံအားထုတ်ပြီး ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့။
(၃) ကျနော်တို့ ခရစ်ယာန်ဘာသာဝင်တွေ ငြိမ်းချမ်းစွာနဲ့ ဘုရားကျောင်းတွေမှာသွားပြီး ဝတ်ပြုဆုတောင်းနိုင်ဖို့။
(၄) ကျနော်တို့ အစ္စလမ်ဘာသာဝင်တွေ ငြိမ်းချမ်းစွာနဲ့ ဗလီတွေမှာသွားပြီး ဝတ်ပြုနိုင်ဖို့။
(၅) ကျနော်တို့ ဟိန္ဒူဘာသာဝင်တွေ ဘုရားကျောင်းတွေမှာသွားပြီး ဆုတောင်းနိုင်ဖို့။
(၆) ကျနော်တို့ မြန်မာနိုင်ငံမှာ ရှေးအစဉ်အဆက်ကရှိလာတဲ့ ဘာသာပေါင်းစုံ ကိုးကွယ်သူတွေ အတူယှဉ်တွဲနေထိုင်နိုင်ဖို့။
(၇) ကျနော်တို့ နယ်စပ်ဒေသတွေမှာရှိတဲ့ သွေးရင်း၊သားရင်း တိုင်းရင်းသားညီအစ်ကိုတွေ မိမိတို့မွေးရပ်မြေမှာ အေးချမ်းစွာ နေထိုင်စားသောက်၊ ပညာတွေဆည်းပူးနိုင်ဖို့အတွက်
(က) စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးပေါ်ပေါက်ဖို့လိုပါတယ်။
(ခ) တရားဥပဒေ အမှန်တကယ်စိုးမိုးဖို့လိုပါတယ်။
ဒီဟာတွေ ရဖို့အတွက် ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်လာဖို့လိုပါတယ်။ ပြည်သူကရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရကသာလျှင်၊ ပြည်သူတွေရဲ့ အခက်အခဲ၊အကြပ်အတည်းတွေကိုဖြေရှင်းနိုင်မှာပါ။ ဒီဟာတွေအမှန်တကယ်ရဖို့အတွက် စစ်အာဏာရှင်တွေရဲ့ နောက်ဆုံးခံတပ်၊ ခံတုတ်ကျွင်းဖြစ်တဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံကို ပြင်နိုင်မှရမှာပါ။ ဒီဖွဲ့စည်းပုံကိုပြင်ဖို့ ပြည်သူ့အားလိုပါတယ်။ လူ့လောကကြီးထဲမှာ လူလို၊သူလိုနေထိုင်နိုင်ဖို့အတွက်၊ မိမိတို့မွေးရပ်မြေမှာ လုံခြုံအေးချမ်းစွာနဲ့ နေထိုင်၊လုပ်ကိုင်စားသောက်နိုင်ဖို့အတွက်၊ ဒီစစ်အာဏာရှင်တွေကို ဆန့်ကျင့်ဖို့လိုပါတယ်။ ဒီစစ်အာဏာရှင်တွေရဲ့ ဒေါက်တိုင်တွေ၊ စစ်ခွေးနောက်လိုက်တွေ ကို ရဲရဲရင့်ရင့် ဆန့်ကျင်တော်လှန်အောင်မြင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူအဖွဲ့အစည်း) တို့နှင့် ပူးပေါင်းလက်တွဲတိုက်ပွဲဝင်ဖို့ ၊ ထောက်ခံအားပေးဖို့ အချိန်ရောက်ပါပြီ လို့ နိုးဆော်သတိပေးလိုက်ရပါသည်။

အားလုံးကိုလေးစားလျက်
ဝင်းလှိုင်

No comments: