Wednesday, April 16, 2014

ဒီနေ့ မနက်က ကျင်းပခဲ့တဲ့ ထွဲဂျိဂွန်ဥပဒေသစ် ဆန့်ကျင်ရေး သတင်းစာရှင်းလင်းပွဲအခြေအနေ

ရေးသားသူ — စိုးမိုးသူ

                               
 

 

ဒီနေ့ မနက်က ကျင်းပခဲ့တဲ့ ထွဲဂျိဂွန်ဥပဒေသစ် ဆန့်ကျင်ရေး သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံပေါင်းစုံမှ ရွှေ့ပြောင်းအလုပ်သမားများနှင့် အဖွဲ့အစည်းခေါင်းဆောင်များ၊ရွှေ့ပြောင်းအလုပ်သမားလူ့အခွင့်အရေးစင်တာများနှင့်ရှေ့နေများ တက်ရောက်ကြပြီး သတင်းမီဒီယာများမှ သတင်းတက်ရောက်ယူကြသည်။
ညဆိုင်းထွက်ပြီးပြီးချင်းတက်ရောက်လာသည့်ရွှေမြန်မာများ
တက်ရောက်လာကြသည့် ကမ်ဘောဒီးယားအလုပ်သမများ


 သတင်းစာရှင်းလင်းပွဲအပြီး လွှတ်တော်အမတ် ဂျန်းဟာနာ၏ ရွှေ့ပြောင်းအလုပ်သမားတာဝန်ခံနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဆွေးနွေးခဲ့သည်များမှာ-

မနက်ဖြန် ဂျောင်ဟာနာအမတ်က ဦးဆောင်ပြီး လွှတ်တော်အမတ်၁၀ဦး၏ ထောက်ခံလက်မှတ်စုဆောင်းပြီ...း အလုပ်သမားဥပဒေကို ချိုးဖောက်သည့် ထွဲဂျိဂွန်ဥပဒေသစ်ပါ နိုင်ငံမှ ထွက်ခွာပြီး ၁၄ရက်အတွင်းဆိုသည့် စာကြောင်းအား အလုပ်ထွက်ပြီး ၁၄ရက်အတွင်း လက်ခံရယူနိုင်သည်ဟုပြောင်းလဲပေးရန် ကြေညာချက်ထုတ်တောင်းဆိုမည်။

ကြေညာချက်ကို စစ်ဆေးလက်ခံမည့် ဥပဒေစိစစ်ရေးကော်မတီ၏ အစည်းအဝေးမှတဆင့် လာမည့် ဂျွန်လ လွှတ်တော်အစည်းအဝေးတွင် ဥပဒေကို ပြန်လည်ပြုပြင်ရန် တင်ပြမည်။

ထို့ကြောင့် လွှတ်တော်မှ အာရုံစိုက်လာစေရန် ၄လနှင့် ၅လပိုင်းများတွင် အဆိုပါ ဥပဒေအား ကန့်ကွက်သည့် လှုပ်ရှားမှုများအား အကျယ်တ၀င့် လှုပ်ရှားသွားခြင်းဖြင့် လာမည့် ဂျွန်လ လွှတ်တော်တွင် မဖြစ်မနေပြန်လည် စိစစ်စေရန် တွန်းအားပေးလုပ်ဆောင်သွားမည်။

လာမည့် ၄လ ၂၇ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့အလုပ်သမားနေ့ ဆန္ဒပြပွဲတွင် ရွှေ့ပြောင်းအလုပ်သမားများ များစွာ ပူးပေါင်းပါဝင်စေပြီး ယင်း
ထွဲဂျိဂွန်ဥပဒေသစ်အား အပြင်းအထန်ကန့်ကွက်ရန် စီစဉ်မည်။

ထွဲဂျိဂွန်ဥပဒေသစ်ဖျက်သိမ်းရေးအဖွဲ့ အစည်းအဝေးအား ၄လ ၁၆ရက် ညနေ၄နာရီတွင် ပိတောက်ရိပ်ကုမ္ပဏီတွင် ကျင်းပသွားမည်။

အစည်းအဝေးတွင်
1. လက်ရှိ အခြေအနေများ တင်ပြသုံးသတ်ခြင်း

2. ရွှေ့ပြောင်းအလုပ်သမားခေါင်းဆောင်များမှ မိမိနိုင်ငံသားများအခြေအနေကို တင်ပြခြင်း

3. ၄လ၂၇ရက် ကမ္ဘာ့အလုပ်သမားနေ့ ဆန္ဒပြပွဲစီစဉ်မှုအခြေအနေတင်ပြခြင်း

4. အလုပ်သမားဥပဒေစိစစ်ရေးကော်မတီ၊ အလုပ်သမားဝန်ကြီးဌာန၊ သမတရုံး၊ပြည်ထဲရေးဝန်ကြီး၊ပါတီများထံ ကန့်ကွက်လွှာပေးပို့ခြင်းအား ဆွေးနွေးခြင်း

5. ရှေ့နေများမှ အခြေခံဥပဒေအား ချိုးဖောက်သည့် ထွဲဂျိဂွန်ဥပဒေအား တရားစွဲဆိုရန်ပြင်ဆင်မှုများ တင်ပြခြင်း

6. ရွှေ့ပြောင်းအလုပ်သမားများ၏ ကန့်ကွက်လက်မှတ်ထိုးခြင်း လှုပ်ရှားမှုအား စီစဉ်ခြင်း
더 보기
 
 

No comments: