Sunday, July 13, 2014

ဓမ္မဒူတ(ကိုရီးယား) စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားလွှာ

၂၀၁၄ခုနှစ် ဓမ္မဒူုတ (ကိုရီးယား) စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူပူဇော်ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ၊ အတူတကွ ကုသိုလ်ယူ ပူဇော်နိုင်ကြစေရန် ကိုရီးယားနိုင်ငံရောက် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား နိဗ္ဗာန် အကျိုးမျှော်၍ လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်-
အလှူပွဲ အစီအစဉ်များ-
- ရက်စွဲ ။ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၀ ရက် (တနင်္ဂနွေနေ့)
- နေရာ ။ ဓမ္မဒူတ (ကိုရီးယား)
- နံနက် ၇နာရီ တွင် ကြွရောက်တော်မူလာကြသော သံဃာတော် အရှင်သူမြတ်များအား ကြာဇံအာဟာရဖြင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပါမည် ။
- နံနက် (10:00) အချိန်မှ စတင်၍ ဧည့်သည်တော်များအား ထောပတ် ဆီဥ ထမင်းဖြင့် ကျွေးမွေး ဧည့်ခံပါမည်။
- နံနက် (11:15) အချိန် တွင် ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်ပူဇော်ပါမည် ။
- ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် အနုမောဒနာ တရားပွဲ ကို နေ့လည် (1:00) တွင် စတင်ပါမည်။

မှတ်ချက် -
- တယ်လီတော်ကီဘောလုံးအသင်းနှင့် တယ်လီတော်ကီဖုန်းဆိုင် မိသားစုတို့က အရုဏ်ဆွမ်း နှင့် နေ့ဆွမ်း အလှူ ကုသိုလ်တော်ယူကြပါမည် ။
- ဝါဆို သင်္ကန်း တစ်စုံလျှင် ဝမ် ၃၀,၀၀၀ ဖြင့် ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ပါသည်။
- အဝေးရောက် ကုသိုလ်ရှင်များ အောက်ပါ ဖုန်းနံပတ်များသို့ ဆက်သွယ် ပါဝင်လှူဒါန်းနိုင်ပါသည် -
- စကားဝါ
- မြန်မာသူကြီး
- အမေ့အိမ်
- ရွက်လှအိမ်
- တယ်လီတော်ကီ
- ဆုံဆည်းရာ
- စိန်ပန်းပြာ

အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ (ကိုရီးယား)
၂၀၁၄-၀၇-၁၃

No comments: