Friday, August 1, 2014

ရွှေအလင်းတန်း မြန်မာအသင်း စာကြည့်တိုက်တွင် Hana Bank မှ Bank Account ပြုလုပ်ပေးမည်


ဘူဆန် ၊ ဂင်မ်ဟဲ အနီးအနားရှိ ရွှေမြန်မာများအတွက် မြန်မာပြည်ရှိ KBZ Bank နှင့် Ayeyarwady Bank များသို့ တိုက်ရိုက်ငွေလွှဲနိုင်သော Hana Bank Account ကို  ဂင်မ်ဟဲမြို့ ၊ ရွှေအလင်းတန်း မြန်မာအသင်း စာကြည့်တိုက်တွင် သြဂုတ်လ(၃) ရက် ညနေ(၃:၀၀) နာရီတွင် တွင် ပြုလုပ်ပေးမည် ဖြစ်ပါသည်။

Hana Bank အကောင့် ပြုလုပ်လိုကြသော ရွှေမြန်မာများ အနေဖြင့် Passport စာအုပ် နှင့် ID (နိုင်ငံခြားသား မှတ်ပုံတင်ကဒ်) ယူလာခဲ့ကြပါ ။

ဗီဇာ မရှိသော ရွှေညီအစ်ကိုများ အတွက်  Passport သက်တမ်း (၆) လ ရှိပါက ပြုလုပ်ပေးသွားမည်ဟု သိရှိရပါသည်။

မြန်မာပြည်သို့ Hana Bank မှ  တိုက်ရိုက်ငွေလွှဲပေးပို့ နိုင်ရန်အတွက် ပထမ ဦးစွာ KBZ Bank အကောင့် နှင့် Ayeyarwady Bank အကောင့် များ ပြုလုပ်ထားရပါမည်။

ထို့နောက် အကောင့်နာမည် ၊ အကောင့်နံပါတ် ၊ ထုတ်မည့် ဘဏ် လိပ်စာ တို့ကို Hana Bank သို့ ကြိုတင် ပေးပို့ထားရပါမည်။

အကောင်းဆုံးကတော့ ဘဏ်စာအုပ်က ရှေ့ဆုံးစာမျက်ကို ဓါတ်ပုံသေချာရိုက်ပြီး ပေးပို့လျှင် ပိုမိုကောင်းမွန်ပါသည်။

နေ့ရက်  ။          ။ ၃-၈-၂၀၁၄ (တနင်္ဂနွေနေ့)
အချိန်    ။          ။ ညနေ(၃း၀၀) နာရီ
နေရာ    ။          ။ ဂင်မ်ဟဲမြို့ ၊ ရွှေအလင်းတန်း မြန်မာအသင်း စာကြည့်တိုက်

Hana Bank မှ မြန်မာဝန်ထမ်းများကို ဆက်သွယ်ရန် 
070-8740-8421
010-3528-8421

ကိုဇော်မင်း (ရွှေအလင်းတန်း)
010-5946-6694

No comments: