Wednesday, September 24, 2014

၂၀၁၄ ခုနှစ် မြန်မာအသင်းကွင်းပိတ်ဖလားပြိုင်ပွဲတွင် ကရင်လူငယ်အသင်းအနိုင်ရဗိုလ်စွဲ

ရေးသားသူ — မြန်မာအသင်း

(၁၄) ကြိမ်မြောက် မြန်မာအသင်းဥက္ကဌဖလားပြိုင်ပွဲ ကွင်းပိတ်ပွဲအဖြစ် (၁၄၊၉၊၂၀၁၄) ရက် တနင်္ဂနွေနေ့က ပူချွန်းမြို့ရှိ မြို့မအားကစားကွင်းကြီးတွင် ကျင်းပရာတွင် ကိုရီးယားအခြေစိုက် ဘောလုံးအသင်း (၁၁) သင်းဝင်ရောက် ယှဉ်ပြိုင်ကစားရာ နောက်ဆုံး ဗိုလ်လုပွဲတွင် ကရင်လူငယ်ဘောလုံးအသင်း နှင့် အန်ဆန်းဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပွဲပြီးချိန်အထိ ဂိုးမရှိသရေကျနေသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ကန်သွင်းရာတွင် ကရင်လူငယ်အသင်းမှ အနိုင်ရဗိုလ်စွဲသွားခဲ့သည်။

ထို့ကြောင့် ပထမဆုကို ကရင်လူငယ်ဘောလုံးအသင်းက၎င်း ၊ ဒုတိယဆုကို အန်ဆန်းအသင်းက၎င်း ၊တတိယဆုကို ဂွမ်ဂျူးအသင်းက၎င်း အသီးသီးရရှိသွားသည်။ နေရာအလိုက် အကောင်းဆုံးဆုများကိုလည်းပေးအပ်ရာ အကောင်းဆုံးဆုကို ကရင်လူငယ်ဘောလုံးအသင်းမှ စောဥာဏ်လင်းက၎င်း ၊ ရှေ့တန်းအကောင်းဆုံးဆုကို ဂွမ်ဂျူးအသင်းမှ အောင်မျိုးက၎င်း ၊ အလယ်တန်းအကောင်းဆုံးဆုကို ကရင်လူငယ်အသင်းမှ စောအေးမင်းက၎င်း ၊ နောက်တန်းအကောင်းဆုံးဆုကို အန်ဆန်းအသင်းမှ သူရက၎င်း ၊ ဂိုးသမားအကောင်းဆုံးဆုကို အင်ချွန်းအသင်းမှ၎င်း ၊အသီးသီးရရှိသွားပါသည်။

ပထမဆုရရှိသော ကရင်လူငယ်အသင်းဆုလက်ခံရယူစဉ်

ပထမဆုရရှိသော ကရင်လူငယ်ဘောလုံးအသင်း အလံလက်ခံရယူစဉ်

ဆုတံဆိပ်လက်ခံရယူစဉ်

အကောင်းဆုံးဆုရှိသော စောဥာဏ်လင်း

အလယ်တန်းအကောင်းဆုံးဆုရရှိသော စောအေးမင်း

ပထမဆုရရှိသော ကရင်လူငယ်ဘောလုံးအသင်းအောင်ပွဲခံနေစဉ်

ဒုတိယဆုရရှိသော အန်ဆန်းအသင်းဆုလက်ခံရယူစဉ်

ဒုတိယဆုလက်ခံရယူစဉ်
နောက်တန်းအကောင်းဆုံးဆုရရှိသော သူရ

ဒုတိယဆုရရှိသော အန်ဆန်းအသင်း

တတိယဆုရရှိသော ဂွမ်ဂျူးအသင်းဆုလက်ခံရယူစဉ်

 တတိယဆုရရှိသော ဂွမ်ဂျူးအသင်းဆုလက်ခံရယူစဉ်

 ရှေ့တန်းအကောင်းဆု ရရှိသော အောင်မျိုး ဆုလက်ခံရယူစဉ်

(၁၄)ကြိမ်မြောက်မြန်မာအသင်းဥက္ကဌ ဖလားကွင်းပိတ်ပြိုင်ပွဲကို ညနေ(၅) နာရီတွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ လာရောက်ယှဉ်ပြိုင်အားပေးကြသော ဘောလုံးအသင်းများနှင့် ပရိသတ်ကြီးအားအထူးကျေးဇူးတင်ရှိပါကြောင်း။ နောင်နှစ်တွင်လည်း ဒီထက် ပြီးပြည့်စုံသော၊ပို၍ ကောင်းမွန်သော ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။

No comments: