Wednesday, October 22, 2014

ရွက်ကြွေ ဆောင်းဦး အပမ်းဖြေ ခရီး နှင့် ၊ ဇီဝိတဒါန ငါးလွတ်ပွဲ ဖိတ်ကြားလွှာ

ဆောင်းပူးလ်အမ်(성불암) ဆရာတော် ဦးပညာဝံသ နှင့် ဒကာ ဒါယိကာမများ ဦးဆောင်မှုဖြင့် ၊ ရွက်ကြွေဆောင်းဦး အပမ်းဖြေ ခရီး နှင့် ၊ ဇီဝိတဒါန ငါးလွတ်ပွဲတော်ကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် လိုက်ပါလိုသူများအား လှိုက်လှဲပျူငှာစွာ ဖိတ်ကြားအပ်ပါသည်-

ရက်စွဲ
၂၀၁၄ အောက်တိုဘာ ၂၆ (တနင်္ဂနွေ) (သည်အပတ် တနင်္ဂနွေ)

အချိန်
နံနက် ၇ နာရီ ၃၀ မိနစ် မှ ညနေ ၅ နာရီ ၃၀ မိနစ်ထိ

စတင်ထွက်ခွါမည့်နေရာ (စုရပ်)
အမှတ် ၃ မြေအောက်ရထား (လိမ္မော်ရောင်လိုင်း) ဆုဆော (수서역) ဘူတာ ၊ ထွက်ပေါက် ၆

ခရီးစရိတ် ၊ စားစရိတ်
စရိတ်ငြိမ်း (နံနက်စာ နှင့် နေ့လည်စာ ကျွေးမွေးပါမည်)

အစီအစဉ်
- ဆောအူးလ်(ဆိုးလ်) မှ ဂါန်ဝေါန်ဒို ၊ ယောင်ဝေါ ဂျူချောန်းမြစ် (영월 주천강) သို့ ရွေ့လျားပြီး ၊ လမ်း တစ်လျောက် ရွက်ကြွေဆောင်းဦးအလှ ကြည့်ရှုခံစားခြင်းနှင့် အမှတ်တရ ဓါတ်ပုံရိုက်ခြင်း
- ယောင်ဝေါ ဂျူချောန်းမြစ် (영월 주천강) တွင် ဇီဝီတဒါန ငါးလွတ်ပွဲကျင်းပခြင်း
- ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခြင်္သေ့တောင် (사자산) နှင့် သမိုင်းဝင် ဗောဗ်ဟွန့်ကျောင်းတော် (법흥사) နှင့် မိရုကျောင်းတော် (미루암) လေ့လာရေး

ဤ ခရီးစဉ်သည် ကိုရီးယားရွက်ကြွေဆောင်းဦး(단풍절) အပမ်းဖြေခရီးအဖြစ် ၊ ကိုရီးယားနိုင်ငံ၏ သာယာလှပသော တောအလှ တောင်အလှ ရှုခင်းများကို တမြော်တခေါ်လေ့လာရှုစား မှတ်တမ်းတင်နိုင်သော အခွင့်အရေးများနှင့် ဇီဝိတဒါန ငါးလွတ်ပွဲတော် တွင် ကုသိုလ်များလည်း ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ပါသည် ။

ယခင်နှစ် လိုက်ဖူးသူမိတ်ဆွေများအပါအဝင် ၊ မည်သူမဆိုလိုက်ပါနိုင်ပါသည် ။ စိတ်ပါဝင်စားသူများ ၂၅ ရက်(စနေနေ့) ညနေ ၆ နာရီထိ စာရင်းပေးသွင်းနိုင်ပါသည် ။
စာရင်းပေးသွင်းရန် -
- ၀၁၀-၅၅၄၉- ၂၄၅၇
- 010-6248-5652

No comments: