Thursday, October 23, 2014

ဖုန်းဆားဗစ်စ်ကတ်သုံးစွဲသူများသက်သာချောင်ချိရေး(ဆားဗစ်) အသင်း ထူထောင်မည်

ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ မရှိမဖြစ် အသုံးပြုနေကြရသည့် ဖုန်းများနှင့်ပတ်သက်၍ အတော်များများမှာ အသက်ကတ် ၊ ပြည်ပကတ် ၊ ပြည်တွင်းကတ် ၊ အင်တာနက်(ဒေတာ) ကတ် စသည်များ ဝယ်ယူသုံးစွဲကြရာတွင် အောက်ပါအခက်အခဲများ ရှိနေကြသည်ကို တွေ့ရှိနေရပါသည် -
- ဝယ်ယူရန်အခက်အခဲ (အမျိုးအစားမသိခြင်း ၊ ဆိုင်ရှာမရခြင်း ၊ ငွေမရှိခြင်း)
- သုံးစွဲရန်အခက်အခဲ (သုံးစွဲနည်းမသိခြင်း ၊ ဖြည့်ရမည့်အချိန်မသိခြင်း)

ထို့ပြင် မြန်မာ မိတ်ဆွေအတော်များများမှာ ဖော်ပြပါ ဖုန်းဆားဗစ်ကတ်များကို မူရင်းဈေးထက် ပိုမို၍ အမြတ်တင်ထားသည့် စားသုံးသူ (လက်လီ) ဈေးနှုန်းများဖြင့်သာ ဝယ်ယူ သုံးစွဲနေကြရသည်ကိုလည်း သိရှိပါသည် ။

အဆိုပါ အခက်အခဲများကို အဆင်ပြေစေမည့်အပြင် ၊ ဖုန်းဆားဗစ်ကတ်များကို အချိုသာဆုံးသော လက်ကားအရင်းဈေးနှုန်းများဖြင့် အချိန်မရွေး အဆင်ပြေလွယ်ကူစွာ ရယူသုံးစွဲနိုင်ကြစေရန် ရည်ရွယ်လျက် ဖုန်းဆားဗစ်ကတ်သုံးစွဲသူများ သက်သာချောင်ချိရေးအသင်း ကို ဖွဲ့စည်း ထူထောင်မည်ဖြစ်ကြောင်း နှင့် အသင်းအဖွဲ့ထူထောင်ရေးဆိုင်ရာ အစည်းအဝေးကို အောက်ပါအတိုင်း ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည် -
ရက်စွဲ = ၂၀၁၄ခုနှစ် အောက်တိုဘာလ ၂၅ ရက်
အချိန် = ညနေ ၈ နာရီမှ ၉ နာရီ
နေရာ = တယ်လီတော်ကီ

သို့ဖြစ်ရာ အဆိုပါ အသင်းအဖွဲ့ထူထောင်ရေးတွင် စိတ်ပါဝင်စားသူ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား အစည်းအဝေးသို့ တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။

မှတ်ချက် -
- ဖုန်းဆားဗစ်စ်ကတ် သုံးစွဲသူမည်သူမဆို အစည်းအဝေးသို့ တက်ရောက်နိုင်ပါသည် ။
- အစည်းအဝေးသို့ မည်သူမဆိုတက်ရောက်နိုင်သော်လည်း အဖွဲ့ဝင်ဖြစ်ရန်မှာ (ဥပဒေအရ) ကိုရီးယားနိုင်ငံတွင် ဗီဇာ တစ်ခုခုဖြင့် တရားဝင်နေထိုင်သူဖြစ်ရပါမည် ။
- အသင်းဝင်များအနေဖြင့် ဖုန်းဆားဗစ်ကတ်များကို မိမိတို့ စမတ်ဖုန်းမှတစ်ဆင့် ဈေးရင်းအတိုင်း အချိန်မရွေး လွယ်ကူစွာ ရယူသုံးစွဲနိုင်မည့်အပြင် ၊ အကြောင်းအမျိုးမျိုးကြောင့် အသင်းဝင်မဟုတ်သူ မိမိတို့မိတ်ဆွေများကိုလည်း မိမိတို့နည်းတူ ဈေးရင်းအတိုင်းဖြစ်စေ အမြတ်တင်ဈေးဖြင့်ဖြစ်စေ လွယ်ကူစွာ ရယူသုံးစွဲခွင့်ရရှိစေမည်ဖြစ်ပါသည် ။
- အသေးစိတ် အစီအစဉ်များ သိရှိလိုပါက ၀၇၀-၇၇၆၁-၂၄၅၇ သို့ မေးမြန်းနိုင်ပါသည် ။


လေးစားမှုဖြင့်-
ကိုဝိုင်း
(အော်ဂနိုက်ဇာ)
၂၀၁၄-၁၀-၂၃

No comments: