Friday, May 29, 2015

အတူတကွ ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ကြားခြင်း

ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ




တောင်ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံသား ညီအကိုမောင်နှမ အပေါင်းတို့ခင်ဗျာ မေ(၃၀) ဒီပဲယင်း နိုင်ငံတော် အကြမ်းဖက် လုပ်ကြံမှုကြီး (၁၂)နှစ်မြောက် နှစ်ပါတ်လည်နေ့ အောင့်မေ့ဖွယ် အထိမ်းအမှတ်နှင့် စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကန့်ကွက် ရှုတ်ချသည့် သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားတရပ်ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

အစီအစဉ်

ေ နေ့ရက်။ ။ ၂၀၁၅ ခုနှစ် မေလ ၃၁ ရက် တနင်္ဂနွေနေ့
အချိန် ။ ။ မွန်းတည့်၁၂ နာရီ မှ မွန်းလွဲ ၁ နာရီ အချိန် အထိ
နေရာ ။ ။ ဆိုလ်းမြို့ မြန်မာစစ်အုပ်စု လက်ဝေခံ မြန်မာ ရုပ်သေး အစိုးရ သံရုံးရှေ့
သို့ပါ၍ ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံသူ/သား ညီအကိုမောင်နှမများ အနေဖြင့် အထက်ဖော်ပြပါ အစီအစဉ်များအတိုင်း အတူတကွ ပူပေါင်းပါဝင်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်၊၊

အထူးသတိပေးချက်

ကိုရီးယားနိုင်ငံအတွင်း မကြာသေးခင်ကာလက အမေရိကန်သံအမတ်အား ဆန္ဒပြသသူ ကိုရီးယား နိုင်ငံသားတစ်ဦးမှ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ကိုရီးယားအစိုးရမှ နိုင်ငံတွင်းရှိ နိုင်ငံတကာ သံရုံး များကို ဒေသဆိုင်ရာ ရဲ၊ ထောက်လှမ်းရေး၊လူဝင်မှုကြီးကြပ်ရေးတို့မှ ပူးပေါင်းပြီး လိုအပ်သလို ကာကွယ်စောင့်ရှောက် မှုများပြုလုပ်ပေးရန်အမိန့်ချထားပါသဖြင့် ဆိုလ်းမြို့ မြန်မာစစ်အုပ်စု လက်ဝေခံ မြန်မာ ရုပ်သေး အစိုးရ သံရုံးရှေ့တွင် ကျင်းပပြုလုပ်မည် အထက်ဖော်ပြပါ သတင်းစာရှင်းလင်းပွဲသို့ တက်ကြွသော စိတ်ထားဖြင့် ပူးပေါင်းပါဝင်ကြမည့် ကိုရီးယားနိုင်ငံရောက် မျိုးချစ် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် မလိုလားအပ်သော ပြဿနာ တစုံတရာ မဖြစ်ပွား စေရန်အတွက် မိမိတို့၏ နိုင်ငံခြားသား သက်သေခံ ကဒ်ပြားများကို မမေ့မလျော့ တပါတည်း သယ်ဆောင် လာရန်နှင့် တရားမ၀င်နေထိုင်သူများအနေဖြင့် မလာရောက်စေလိုကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ ၊ ကိုရီးယားဌာနခွဲ

No comments: